အိပ်မက်များ - ပင်မ စာမျက်နှာ

ပင်မ စာမျက်နှာ
အိပ်မက် စာတိုက်
အိပ်မက် ထဲကအတွေးများ
အိပ်မက် မှတ်စု
အိပ်မက် ကဗျာ
အိပ်မက် ဘလောဂ်
အိပ်မက် အက်ဆေး
အချစ် ပုံပြင်
ဖတ်စရာ
ဓာတ်ပုံ
ရယ်စရာ
ကာတွန်း
Gmail လျှို့ဝှက်ချက်များ
မြန်မာ mp3 သီချင်းများ
မြန်မာတိုင်း(မ်) ဂျာနယ်




 

My  Dreams are  my  Life,  my  Heart  and  my  Future !



မင်္ဂလာပါ သူငယ်ချင်းတို့ရေ...။
ကျွန်တော်ရဲ့ အိပ်မက်ထဲကို လာလည်ကြတဲ့အတွက် ကျေးဇူးပါဗျာ။ အခုကျွန်တော်ရဲ့ အိပ်မက်တွေကို multiply website ပေါ်ကိုရွှေ့
ပြောင်းထားပါတယ်။ multiply ပေါ်က ကျွန်တော့်ရဲ့ အိပ်မက်အသစ်လေးထဲကိုလည်း လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ လိပ်စာက http://myozawu.multiply.com/ ပါ။ အခုဒီ webpage လေးရဲ့ ညာဘက်မှာရှိတဲ့ "အိပ်မက်များ" ဆိုတဲ့ Box လေးကိုနှိပ်ပြီးတော့လည်း တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ မာတီပေါ်က အိပ်မက်များကိုလည်း လာလည်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။

မျိုးဇော်(myozawdream@gmail.com)
___________________________________________________________________________________

အိပ်မက် အက်ဆေး

 စူးစမ်းမှုရဲ့ တန်းဖိုးနဲ့ ပြောင်းလည်းခြင်းရဲ့ ရလာဒ်


အခုကျွန်တော်ပြောပြမယ့် ဇာတ်လမ်းလေးက အမေရိကန်ပြည်ထောင်စုမှာ ၁၈၄၈ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်တဲ့ Gold Rush သမိုင်းကြောင်းကြီးနဲ့လည်း ပတ်သက်ပါတယ်။
တစ်နေ့မှာပေါ့ မာရှယ်လ်လို့ အမည်ရတဲ့ အလုပ်သမားတစ်ဦးဟာ မြစ်ကမ်းနံဘေးမှာ ထိုင်နေရင်း ရေဒလက်တွေကို စိုက်ကြည့်နေမိပါတယ်။ သူဟာ ကာလီဖိုနီးယားပြည်နယ် အတွင်းမှာရှိတဲ့ Coloma ဆိုတဲ့ကျေးရွာလေးက အလုပ်သမားတစ်ဦးပါ။ သူလုပ်တဲ့အလုပ်ရုံမှာ ဂျုံတွေကိုကြိတ်ခွဲတဲ့အခါ ရေအားသုံးဒလက်တွေတတ်ဆင်အသုံးပြုပြီး အဲဒီရေဒလက်တွေမှာ ချောင်းထဲက သဲတွေ၊ နှုံးတွေလာကပ်တဲ့အခါမှာသူကတာဝန်ယူပြီး အဲဒီသဲတွေကို ဖယ်ထုတ်ပေးရပါတယ်။ တစ်နေ့ မာရှယ်လ်ဟာ ဒီလိုပဲ ချောင်းနံဘေးမှာထိုင်နေရင်း ဒလက်မှာကပ်နေတဲ့ သဲတွေကိုသွားသတိထားလိုက်မိပါတယ်။ သူဟာနေ့စဉ်နေ့တိုင်း ဒီသဲတွေ၊ နှုံးတွေကို ဖယ်ရှားနေရသူဖြစ်ပေမယ့် ဒီတစ်ခါတော့ ဟိုဟိုဒီဒီစဉ်းစားရင်း ဒီသဲတွေ နှုံးတွေကို သေချာဂရုစိုက်ကြည့်လိုက်မိပါတယ်။ ဒီသဲတွေဟာ တစ်ခြားအရပ်ကသဲတွေနဲ့ မတူပဲ လေးလံနေတာကြောင့်ရယ်၊ တောက်တောက်ပြောင်ပြောင် အရောင်တွေရှိနေတာရယ်ကြောင့် စူးစမ်းခြင်စိတ်နဲ့ တစ်ချို့ကို သူ့ရဲ့အိမ်ကိုယူသွားပြီး ခွက်တစ်ခုထဲထည့်ပြီး အပူပေးကြည့်မိပါတယ်။ ဒီလိုနဲ့ ခွက်ထဲမှာရှိတဲ့ သဲတွေဟာ မာကျောလာပြီး တောက်ပြောင်တဲ့အဆင်းရှိတဲ့ ရွှေစင်ရွှေသားကိုရရှိတော့တာပါပဲ။ တစ်နည်းပြောရရင် သူဟာအမေရိကန်တိုက်ကို သမိုင်းဝင်အပြောင်းအလည်းဖြစ်စေမယ့် အကြီးဆုံးရွှေတွင်းကြီးကို အမှတ်တမဲ့ကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီအဖြစ်အပျက်လေး မဖြစ်ပွားခင်မှာ ကာလီဖိုးနီးယားဒေသဟာ ယခုခေတ်ကျွန်တော်တို့ တွေ့မြင်နေရသလိုမျိုး မြို့ကြီးပြကြီးတစ်ခုမဟုတ်ပဲ လူသူအရောက်အပေါက်နည်းတဲ့ ကျေးတောရွာလေးတစ်ခုပါ။ ဒါပေမယ့် မာရှယ်လ်ရဲ့ ရွှေရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်းပေါက်ကြားသွားပြီးတဲ့အချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေဟာ ဒီလူသူအရောက်အပေါက်နည်းတဲ့ ကာလီဖိုးနီးယားဒေသကို နေ့ချင်းညချင်း ပြောင်းရွှေ့ရောက်ရှိလာကြပြီး လူဦးရေထူထပ်တဲ့၊ ဥစ္စာဓနပေါကြွယ်ဝတဲ့ မြို့ကြီးအဖြစ်ကို ပြောင်းလည်းခဲ့တာပါပဲ။ ဒီဖြစ်ရပ်မှာဆိုရင် မာရှယ်ဟာ သူနေ့စဉ်လုပ်နေ့ရတဲ့ အလုပ်တစ်ခုဖြစ်ပေမယ့် အဲဒီမှာ ရှိတဲ့အခြေအနေတစ်ခုကို သုံးသပ်ပြီး အခုလိုမျိုးရွှေတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူဟာဒီရွှေတွင်းကိုရှာဖွေတွေ့ရှိခဲတာကြောင့် ချမ်းသာမလာပဲ မွဲပြာကျခဲ့ရပါတယ်။ ဘာကြောင့်ပါလည်း။ သူဟာဒီရွှေတွေကို ရှာဖွေတွေ့ရှိခါစမှာ သူ့အလုပ်ရှင်တစ်ယောက်တည်းကိုပဲ ဖွင့်ပြောပြခြဲ့ပီး လျှို့ဝှက်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်နေ့မှာပဲ ဒီသတင်းဟာအပြင်ကိုပေါက်ကြားသွားပြီး နေ့ချင်းညချင်း ရွှေရှာမယ့်သူတွေဟာ သူတို့ဒေသကိုရောက်လာကြပြီး နောက်ဆုံးမှာသူတို့ရဲ့ လယ်တွေ၊ မြေတွေကို စွန့်ခွာထွက်ပြေးရတဲ့ အထိဖြစ်ခဲ့ရပါတော့တယ်။
နောက်ထပ်အဖြစ်အပျက်တစ်ခု ကျန်ပါသေးတယ်။ အဲဒီဒေသမှာပဲ ရွှေတွင်းတူးသမားတွေရောက်လာကြပြီးနောက်မှာ Levi’s လို့အမည်ရတဲ့ အထည်အလိပ်တွေ အရောင်းအ၀ယ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရွှေတူးဖော်တဲ့ အလုပ်သမားတွေနေဖို့အတွက် ရွက်ဖျင်တဲတွေဆောက်တဲ့အခါမှာ အသုံးပြုဖို့ ရွင်ဖျင်စတွေလာရောင်းတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ရွက်ဖျင်စတွေဟာ အရည်အသွေးမမှီတဲ့အတွက်နောက်ပိုင်းမှာ ဘယ်သူကမှ မ၀ယ်ကြတော့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျက်ဆီးခဲ့ရတယ်ဆိုပါစို့။ ဒါပေမယ့် ဒီရွက်ဖျင်စလာရောင်းတဲ့သူတွေဟာ ဒီနေရာမှာတင် စိတ်ဓာတ်ကျပြီး လှည့်ပြန်မသွားခဲ့ကြပါဘူး။ ဒီဒေသမှာပဲ သူတို့ရဲ့ အရည်အသွေးညံ့တဲ့ ဖျင်စတွေကို ညှပ်ပြီး အဲဒီမှာရှိတဲ့ ရွှေတွင်းတူသမားတွေဝတ်ဖို့ ဘောင်းဘီတွေချုပ်ရောင်းပါတော့တယ်။ ရွှေတွင်းတူးသမားတွေဟာ အေးစိမ့်နေတဲ့ ရာသီဥတုရဲ့အောက်မှာ တစ်နေ့ကုန်မြစ်ချောင်းတွေထဲမှာ အလုပ်လုပ်ကြရတဲ့အတွက် ဒီ Levi’s ကထုတ်ရောင်းတဲ့ ဘောင်းဘီတွေဟာ သူတို့အတွက်တကယ်အသုံးတည့်တဲ့အတွက် Levi's ဘောင်းဘီတွေဟာ အဲဒီဒေသမှာ တကယ့်ကိုရေပန်းစား အောင်မြင်သွားပါတော့တယ်။ ဒီလိုနဲ့ Levi’s ဟာ လုပ်ငန်းတွေချဲ့ထွင်ရင်း နောက်ဆုံးမှာ သူ့ရဲ့ဘောင်းဘီစတွေကို ရွှေတွင်းတူးသမားတွေသာမကပဲ သာမန်အရပ်သားလူတွေဆီကိုပါရောက်ရှိလာပြီး နောက်ပိုင်းမှာ ဖက်ရှင်တစ်ခုအနေနဲ့ လက်ခံလာကြပါတော့တယ်။ ယနေ့ခေတ်မှာဆိုရင် Levi’s ကထုတ်တဲ့ ဂျင်းဖက်ရှင်တွေဟာ ဟောလိဝုဒ်အထိတိုင်ရောက်ရှိပြီး ကမ္ဘာတစ်လွှားမှာ ရေးပန်းစာနေခဲ့ပါပြီ။
နိဂုံးချုပ်အနေနဲ့ပြောရရင် မာရှာယ်ဟာ အသေးအမွှားကိစ္စလေးတစ်ခုကို အမှတ်တမဲ့မနေပဲ စူးစမ်းရှာဖွေခဲ့တယ်။ ဒီလိုနဲ့သူဟာ ပြည်နယ်ကြီးတစ်ခုလုံးကိုကြွယ်ဝစေမယ့် ရွှေတွင်းကြီးကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာရွှေတွင်းကြီးကို အစပထမရှာဖွေတွေ့ရှိခဲ့သူဆိုပေမယ့် သူဌေးကြီးတစ်ယောက်ဖြစ်မလာခဲ့တဲ့ အပြင် မွှဲပြာကျခဲ့ရပါတယ်။ ဒီရွှေထွက်တဲ့ဒေသကိုပဲရောက်ရှိလာပြီး အရှုံးပေါ်ခဲ့တဲ့ Levi’s ဟာရောက်တဲ့နေရာမှာ ရပ်မနေပဲ ပြုပြင်ပြောင်းလည်းမှုတွေလုပ်ခဲလို့ ကြီးပွားသွားခဲ့ရပါတယ်။
ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ဘယ်ကိစ္စကိုမဆို စူးစမ်းဆင်ခြင်မှုတွေ ပြုလုပ်သင့်ပြီး၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ဒီအတိုင်းလက်မြှောက်အရှုံးမပေးပဲ ပြုပြင်ပြောင်းလည်းမှုတွေ ပြုလုပ်ပြီး တိုးတက်ကောင်းမွန်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်တယ်ဆိုတာတွေ့မြင်နိုင်ကြပါစေနော်။
မျိုးဇော် (၁၃.၀၈.၀၉)

( ၀န်ခံချက်။ ။ Wikipedia.com မှ Califonia Gold Rush History နှင့် ဒေါက်တာ ခင်မောင်ညို၏ သိပ္ပံပညာရှင်များ အကြောင်း ကို ကိုကားပါသည်။)

ဓာတ်ပုံ - Wikipedia.com

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ် ပုံပြင်

story of sorrow

(၁)
အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့
ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံးတခုကို
ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။
လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ
စေခြင်းက ပူဆွေးသောကရဲ့ အစပေပဲလား.....

ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ
ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။
ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ
လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ၀ရန်တာပါတဲ့
အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့
အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး
ပတ်ချာလှည့် ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး အောက်ချပေးဖို့ ပြောမှ
မောင်က၀မ်းသာစွာနဲ့ "ကဲ...မေမေ့ကို သွားကြိုရအောင်" တဲ့။ မောင့်မေမေ
ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။

အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို
ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ် တဲ့ ကျွန်မရဲ့ ခန္ဓာကို
အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး ကျွန်မကို
လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့
ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။
အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့
သံယောဇဉ်ပေပဲလား။

မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက
ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲ ၀ယ်ပြီး ဧည့်ခန်းမှာ
အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး
မအောင့်နိုင်ဘဲ..... "ဘ၀ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ
နင်တို့မသိကြဘူးလား..စားလို့ရတာ
လဲ မဟုတ်ဘဲနဲ့ ဘာလို့ ပန်းတွေ
ဝယ်ခဲ့ရသလဲ..."
"မဟုတ်ဘူးလေ မေမေ.....ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ
လန်းဆန်းနိုင်တယ်လေ" ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက
ခေါင်းငုံ့စူပုပ် နေခဲ့တယ်။
"အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် ...တဖြည်းဖြည်းနဲ့ အမေကျင့်သား
ရလာလိမ့်မယ်" မောင်က ရယ်ကျဲကျဲနဲ့ ၀င်ထောက်တယ်။

ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း
ဘယ်လောက် ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင်
တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တခါတလေ အထုတ်ကြီး ငယ်တွေနဲ့
ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ...... ဒီဟာ ဘယ်လောက်လဲနဲ့
မေးတတ်ပြန်တယ်။ ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့
စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။

"ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့" ကျွန်မ နှာခေါင်းကို
ဖိညှစ်ရင်း မောင်က ဆိုလာတယ်။ ပျော်ရွှင် စရာ နေ့ရက်တွေက တဖြည်းဖြည်း
သံစဉ်တွေ ပြောင်းလာခဲ့တယ်။

နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ်
လင်ယောက်ျားက မိန်းမ အတွက် မနက်စာ ထလုပ်ရတယ်လို့ ....ဒါဟာ မဖြစ်သင့်တဲ့
ကိစ္စလို့ သူမြင်ခဲ့တယ်။

မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင်
ဟန်ဆောင်ခဲ့တယ်။ ဒါကို သူကဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ်
ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ ဆရာမတဦးပါ။ တနေကုန် ကခုန်ခဲ့ရလို့
ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို မခွာရက်ဘဲ
ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ်
ဆန္ဒပြတာကို မျက်စိမှိတ်၊ နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။

မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင်
ကျွန်မပိုပြီး အလုပ်ရှုပ် ရပါတော့တယ်။ ဥပမာ....ပလပ်စတစ်အိတ်တွေကို
ပြန်ရောင်းဖို့ဆိုပြီး အကုန် လိုက်စုထားတတ်တယ်။ နောက်တော့ အိမ်တခုလုံး
အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို နှာမြောလို့ဆိုပြီး မသုံးဘဲ
နေခဲ့တယ်။ နောက်တော့ မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး
ကျွန်မ ပြန်ဆေးခဲ့ရတယ်။

 ဆက်ဖတ်ရန် >>>  အချစ် ပုံပြင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိပ်မက် မှတ်စု

ရန်ကုန်မိုး
 

  ရန်ကုန်မိုးနဲ့ ကျွန်တော်ကျွမ်းဝင်ခဲ့ရတာ ရှစ်နှစ်တောင်ကျော်ခဲ့ပြီ။ ရန်ကုန်မိုးဆိုရင် ရွာလည်းခဏ၊ သည်းလည်းခဏ ဆိုတာ မြန်မာလူမျိုးတိုင်းလိုလို သိကြမှာပါ။ တစ်ခါတစ်လေတော့လည်း မိုးတစ်ခါရွာရင် ရက်တွေဆက်နေအောင် မတိတ်တဲ့၊ ချမ်းစိမ့်နေအောင်ရွာတတ်တဲ့ ငယ်ငယ်တုန်းကနေခဲ့ရတဲ့ ဧရာဝတီတိုင်းက နယ်မြို့လေးကို လွမ်းမိပါတယ်။ အခုရော အဲဒီမြို့လေးမှာ မိုးတွေနေ့ဆက် ညဆက်ရွာနေတတ်တုန်းပဲလား၊ ဒါမှမဟုတ် ရန်ကုန်မိုးနဲ့တူတဲ့ ရန်ကုန်သူတွေရဲ့ အချစ်လိုများ…။

မျိုးဇော် (၁၁.၀၇.၀၉)  

နောက်ထပ် မှတ်စုတွေ ဆက်ဖို့ဆိုရင် >>> အိပ်မက် မှတ်စု

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အိပ်မက် ထဲကအတွေးများ

 

 

 

မိုးကိုအံတု ခဲ့သောမျက်ရည်စက်များ

posted on 20th June 2009 by Sueshawine 

 

သြဂုတ်လရဲ့ ပထမဆုံးသော ရက်တစ်ရက်ဖြစ်သည်….။

 

အဲဒီနေ့တစ်နေ့ ကိုတော့ ကောင်မလေး ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်လိမ့် မည်မဟုတ်ပါ။ ရွာမလိုလို၊ မရွာမလိုလိုနဲ့ ကလူကျီစယ်နေတဲ့ မိုးကောင်းကင်ကြီးရဲ့ အောက်မှာ ကောင်မလေးရဲ့စိတ်တွေ လွပ်လပ်စွာ လွင့်မြောနေခဲ့ပါသည်။ ထိုအချိန်က ကန်တော်ကြီးထဲရှိ ကန်ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာသော လေနုအေးလေးတွေကို ရှုသွင်းရင်း အတိတ်ကို မေ့လျော့၊ အနာဂတ်ကိုလည်း မတွေးမိပဲ ပစ္စုပန်သည်သာ သူမရဲ့ စိတ်တို့စေစားရာ အရပ်ဖြစ်၍ နေခဲ့ပါသည်။ ထိန်းချုပ်ဆင်ခြင်တတ်သည့် ဦးနှောက်ရဲ့ အသိတရားတွေကို ခဏအနားပေးရင်း လွပ်လပ်ပေါ့ပါးနေတဲ့ စိတ်တစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ပါသည်။ အဲဒီနေ့က သူမ တံတားရှည်ကြီးတစ်ခုကို အစမှ အဆုံးတိုင်အောင် ကောင်လေးတစ်ယောက်နှင့် အတူလျှောက်ဖြစ်ခဲ့သည်။ အဲဒီ့ခရီးသည် သူတို့နှစ်ယောက်အတွက် ပထမဆုံးနှင့် အရှည်လျားဆုံး ခရီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကောင်မလေး၏ ပုံမှန်စိတ် အခြေအနေတစ်ခု အရသာဆိုရင် ဖြစ်လာစရာ လုံးဝမရှိသော ဒီခရီးသည် လှပသော မိုးသက်လေတို့၏ ပံ့ပိုးပေးမှု နှင့်အတူ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကာလအတော်ကြာအောင် နှစ်ယောက်လုံးလျှို့ဝှက်လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့သော ခံစားမှု အစစ်အမှန်များ အားလုံးကို တူးဖော်အသက်သွင်းစေခဲ့ပါသည်။ “လျှို့ဝှက်စွာ သိမ်းစည်းထားသော ခံစားမှု” ဟု ဘာကြောင့် အမည်တပ်ရသနည်း ဆိုပါလျှင် “ပွင့်လင်းစွာ ထုတ်ဖော်နိုင်ခွင့် မရှိသောကြောင့်” ဟုသာ ဖြေရမည် ထင်ပါသည်။ သက်ဆိုင်သူ ရှိနှင့်နေပြီး ဖြစ်သော ကောင်လေးတစ်ယောက်ဆီက ပိုင်ဆိုင်ခွင့်မရှိတော့မည့် အချစ်တွေအတွက် ကောင်မလေးက သူမရဲ့အချစ်တွေကို အလုံခြုံဆုံး သိမ်းဆည်းလို့ နှစ်ယောက်လုံး ရိုးသွားစွာ နေထိုင်နိုင်ခဲ့ပါသည်။ အဲဒီ့နေ့လေး တစ်နေ့သာ ရှိမလာခဲ့ပါလျှင် အရာအားလုံးသည် ပုံမှန်နေသားတကျ ရှေ့ဆက်သွားမည်သာ ဖြစ်ပါသည်။ သို့သော် အဲဒီနေ့တစ်နေ့ကို သူတို့နှစ်ယောက်လုံး ငြင်းဆိုနိုင်ခွင့် မရှိစွာ ပိုင်ဆိုင်ခဲ့ကြရပါသည်…။

 

ဆက်ဖတ်ရန် >>> အိပ်မက် ထဲကအတွေးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

အိပ်မက် ကဗျာ

ထီးလေးတစ်ချောင်း

 

 


ကောင်လေးတစ်ယောက်

 

 

သူချစ်တဲ့ကောင်မလေး ဆီကနေ

 

 

စကားတစ်ခွန်း ကြားလိုက်မိတယ်။

 

 

 

 

 

မိုးတွေရွာနေတုန်း

 

 

ထီးလေးတစ်ချောင်းနဲ့

 

 

သူ့ဘေးမှာ အဖော်ပြုပေးတဲ့

 

 

ကျေးဇူးပါတဲ့…။

 

 

 
ကောင်လေးကလည်း

 

 

အဲဒီလို သူ့ဘေးနားမှာ

 

 

ထီးမိုးပြီး အဖော်ပြုပေးရတာကို

 

 

အရမ်း နှစ်သက်တယ်လေ။

 

 

 

 

 

ဒါပေမယ့်….

 

 

မတည်မြဲခြင်းဆိုတဲ့

 

 

အနိစ္စတရားတွေနဲ့ တည်ဆောက်ထားတဲ့

 

 

ဟောဒီ လောကကြီးမှာ

 

 

မိုးဆိုတာလည်း အမြဲတမ်း မရွာနိုင်ဘူးဆိုတာ

 

 

ကောင်လေးသိပါတယ်။

 

 

 

 

 

မိုးတွေစဲသွားတဲ့ တစ်နေ့

 

 

………………………………..

 

 

………………………………..

 

 

ကောင်မလေးရော

 

 

အဲဒီကောင်လေးရဲ့ ထီးတစ်ချောင်းနဲ့

 

 

အဖော်ပြုပေးတာကို
နှစ်သက်ပါအုံးမလား

 

 

 

 

 

ဘာပဲဖြစ်ဖြစ်ပါ

 

 

ကောင်လေးကတော့

 

 

သူရဲ့ ထီးလေးကို

 

 

ကောင်မလေး မလိုအပ်တော့ဘူး

 

 

ဆိုရင်တောင်မှ

 

 

မိုးတွေကို ဆက်ပြီးရွာစေချင်တယ်လေ။

 

 

 

 

 

ဘာဖြစ်လို့လဲ ဆိုတော့

 

 

ကောင်လေးဆီက

 

 

ယောင်္ကျာတန်မဲ့ ကျလာမဲ့

 

 

မျက်ရည်တွေကို မိုးနဲ့အတူ

 

 

ကောင်မလေး မသိအောင်

 

 

စီးမျောသွားစေချင်လို့ပါ…။

 

 

 မျိုးဇော် (၂၄.၀၄.၀၉)  
 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

ဖတ်စရာ

အသည်းကွဲဒဿ

 

 

 

 

 ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်

 

 

တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန် တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

 

 

 

ဆက်ဖတ်ရန် >>>ဖတ်စရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

 

ရယ်စရာ

လက်ထပ်ခွင့်ပန်ပြီးတဲ့ အချိန်


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွား
လိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

နောက်ထပ်ရယ်ချင်သေးရင် >>> ရယ်စရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခုခေတ်တစ်ချို့သော မြန်မာဘလောဂ်ကာတွေရဲ့ အကြောင်းကို ဝေဖန်အကြံပေးထားတဲ့ မေးလ်လေးတစ်စောင်ပါ။ Forward mail ထဲက ရလို့ပြန် share လိုက်ပါတယ်။ ဘယ်သူ့ကိုမှ ရည်ရွယ်တာမျိုးမဟုတ်ပဲ ဘလောဂ်ကာတွေရော၊ ဘလောဂ်ကာ မဟုတ်တဲ့ စာဖတ်ပရိသတ်တွေပါ ဖတ်သင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ (အိပ်မက်များ)


Admin များကိုယ်စားအားလုံးနားလည်နိုင်ပါစေ။

 

မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာသိပ်ယဉ်ကျေးသိမ်မွေ့တဲ့သူများ၊ ရိုင်းပင်းကူညီတတ်ကြသူများ၊အားနာတတ်သူများ

ဘာသာတရားကိုင်းရှိုင်းသူများ၊ကိုယ်ချင်းစာစိတ်၊ကူညီချင်စိတ်ကြီးမားသူ များ အဖြစ် နာမည်ရပါတယ်။ အင်တာနက်ကို မြန်မာနိုင်ငံမှာ ပေါ်လာတဲ့အညီ အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုနိုင်မှုရှိလာပါတယ်။ လူငယ်တွေ အင်တာနက် ကို
ကျယ်ပြန့်စွာအသုံးပြုလာသလို Free Service ပေးတဲ့ Blogspot တို့လို web-site blog လေးများကိုယ်ပိုင် အပျော်သဘောမျိုးလေးတွေလုပ်လြာ
ကပါတယ်။

မှားယွင်းတဲ့မြန်မာလူငယ်အချို့ ဟာ ကွန်ပြူတာကျွမ်းကျင်မှုရှိတယ်ဆိ
ုပြီး၊မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး၊ အင်တာနက်ရဲ့  လွတ်လပ်မှု၊ အခမဲ့ web-blog များတည်ဆောက်ရယူနိုင်မှုကို အခွင့်ကောင်းအဖြစ် သတ်မှတ်ပြီး၊ကိုယ့်ပျော်ရွှင် မှု ၊နောက်ပြောင်လိုမှု သက်သက် ကနေ ကိုယ့်မြန်မာနိုင်ငံသားများ၊ Celebrity များ၏အတွင်းရေးများ၊ဓါတ်ပုံများ၊ဗီဒီယိုများ၊
အသံဖိုင်များကို ကာယကံရှင်ရဲ့ သဘောတူညီမှုမရရှိဘဲ၊ သက်ဆိုင်ရာ ပုဂိုလ်များရဲ့  နံမည်ရင်းများတပ်ကာ Blogspot တို့လိုအခမဲ့ web-blogတွေနဲ့ ကိုယ့်ပျော်ရွှင်မှု၊ သူတပါးထိခိုက်နစ်နာမှုကိုကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု
၊ကိုယ်ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ့်မိသားစုဂုဏ်သိက္ခာကိုမျက်ကွယ်ပြုပြီး၊ ပြုလုပ်လာကြ ကြောင်းတွေ့ ရပါတယ်။

အဲ့လိုပြုလုပ်တဲ့နေရာမှာ Blogger ရဲ့ အမည်နာမကိုလည်း အင်တာနက် blogger များ၊ ဖိုရမ်များတွင် Nick လုပ်သူများ၏ ထုံးစံရပ်အတိုင်း မိမိတို့ ၏နံမည်ရင်းကိုမယူသည့်တိုင်အောင် အပြင်လောကတွင် ဆင်တူယိုးမှား Common ဖြစ်သည့် နံမည်များ၊ မိမိတို့နှင့်ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား နောက်ပြောင်ကျီစားလိုသဖြင့်
မိတ်ဆွေ၊သူငယ်ချင်းများ ၏ အမည် ရင်းများ ယူပြီး Blog များတည်ဆောက်ပြီး၊ လိင်ဗီဒီယို၊ဓါတ်ပုံများတင်ပြီး အပျော်သဘောပေါ့ ဆိုပြီးပေါ့ပေါ့ဆဆသဘောထားပြီးလု
ပ်လာကြတာကိုတွေ့ရ ပါတယ်။
အပျော်သဘောဘဲဖြစ်စေ၊နောက်ပြောင်
လို့ဘဲဖြစ်စေ၊ တစ်ပါးသူများရဲ့ အတွင်းရေး၊ဓါတ်ပုံ၊ ဗီဒီယို၊ဖုံးနဲ့ ခိုး ဖမ်းထားတဲ့ အသံဖိုင် တွေကို ကာယကံရှင်ခွင့်ပြုချက်မရဘဲ Blog နဲ့  တင်ပြီးအရှက်ခွဲရင်၊ဂုဏ်သိက္ခာကျ
ဆင်း အောင်လုပ်ရင် Cyber Crime ဖြစ်ပါတယ်။ Blogger ဟာ Criminal ဖြစ်ပါတယ်။

Blogger ဟာ ငါလုပ်တာဘယ်သူမှမသိနိုင်ပါဘူး၊ ငါ့ကို ဘယ်တော့မှ Trace လုပ်နိုင်မှာ မဟုတ်ပါဘူးထင်ရင်မှားပါတယ်။

မြန်မာကွန်ပြူတာသမားတွေ၊ဟက်ကာတွေထက်အဆ ပေါင်းများစွာကျွမ်းကျင်တဲ့ပြည်ပနိုင်ငံသား ကွန်ပြူတာ လူငယ် တွေ စမ်းရင်း၊ထွင်ရင်း နောက်ပြောင်ရင်းနဲ့  Cyber Crime ဖြစ်သွားပြီး၊ ထောင် အနှစ် ၃၀-၄၀ တွေကျခံသွားရတာ အများကြီးပါ။ နိုင်ငံတွေကျော်ပြီးတော့တောင်လိုက် ဖမ်းတယ်လို့ဖတ်ရှုရပါတယ်။

အထူးသဖြင့် gmail account တွေဖွင့်ရင်၊ Blogger ဆာဗာမှာမှတ်ပုံတင်ရင်ဘဲဖြစ်ဖြစ်
၊ Google Server ဟာ -သူ့ကို register လုပ်လာတဲ့ ယူဆာက ၀ယ်သုံးတဲ့ အင်တာနက် ISP လို့ ခေါ်တဲ့ Internet Service Provider က ကိုယ့် အိမ် က ကိုယ့်
ကွန်ပြူတာ၊ ကို Assign လုပ်ထားတဲ့ Internet Protocol လို့ ခေါ်တဲ့ IP address နဲ့ တကွ၊လိပ်စာ၊နေအိမ်၊ ဖုံးနံပါတ် တွေနဲ့ သာမက အထူးဆော့ဖ်ဝဲတွေနဲ့ ကိုယ်တည်ရှိတဲ့ နေရာကို မြေပုံပါ ထုတ် ပြီိး Google က Record ယူထားပြီးသားပါ။ ဘယ်လောက်ဘဲ သူတို့  Customer ရဲ့ Privacy ကို ထိန်းသိမ်းပါတယ်ဆိုပေမဲ့၊ အကယ်လို့  သူတို့ Service တွေကိုအခြေပြုပြီး၊
Cyber Crime တွေ လုပ်လာ ရင် ...သူတို့လဲ ဥပဒေဘက်ကဘဲရပ်တည်ကြမှာပါ။ အပျော် blogger ဟာ ငါလုပ်လိုက်လို့ နစ်နာသူတွေက Google ကို Abusive Report လုပ်လိုက်လို့  ငါ့ Blog ပိတ်သွား လဲ ဂရုမစိုက်ပါဘူး၊ ငါ့ကိုမသိနိုင်ပါဘူး၊ နောက်တခြားနေရာတွေမှာဆက်လုပ်မယ် ဆိုရင်တော့ မှားပါတယ်။

၂၀၀၆ခုနှစ်က ထုတ်ခဲ့တဲ့ weekly eleven ဂျာနယ်မှာဖတ်ခဲ့ဘူးပါတယ်။ သက်ဆိုင်ရာ နစ်နာသူများအနေနဲ့ ကွန်ပြူတာကျွမ်းကျင်သူအဖွဲ့ အစည်းများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနဲ့ အမှုဖွင့်အရေးယူနိုင်တယ်လို့
ပါရှိခဲ့ပါတယ်။

Google လို ကမ္ဘာထိပ်သီး အိုင်တီကုမ္ပဏီကြီး အနေနဲ့  သူ တို့  Service ကို အလွဲသုံးပြီး Cyber Crime ကျူးလွန်မှုတွေ ဖြစ်ရင် နစ်နာသူ Victim ကို အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ပင် လျော်ကြေးပေးနိုင်ပြီး၊ တစ်ဖက်နစ်နာသူက တရားဥပဒေလမ်းကြောင်းနဲ့  စနစ်တကျ ဆောင်ရွက်လာခဲ့ရင် သူတို့  ကုမ္ပဏီကြီးရဲ့ ဂုဏ်သိက္ခာဘက်လိုက်မလား။
တစ်ပြားမှမ၇ဘဲ ရာဇ၀တ်မှုကျူးလွန်သွားတဲ့  Criminal ဘက်လိုက်မလားဆိုတာအရှင်းကြီး ပါ။ Cyber Crime ပြသနာတွေကိုကိုင်တွယ်ဖို့  Google မှာ Legal Team လ ည်း သတ်သတ် ဖွဲ့ စည်းထားပါတယ။် အများအားဖြင့် မြန်မာကွန်ပြူတာ လူငယ်များဟာအပျော် web-blog တွေ လုပ်ရာမှာ Terms and Condition ကို ဘယ်တော့မှမဖတ်ဘဲ လွယ်လင့်တကူ အကောင့်ဖွင့်ပြီး blog လုပ်တတ်ကြပါတယ်။ blog မှာ တင်လိုက် တဲ့ Content ဟာ အကောင့်ရှင် တင်သူ၏ Responsibility လုံးလုံးလျားလျားဖြစ်ပါကြောင်း၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျ
က်ရင် Google LEGAL TEAM ရဲ့  အရေးယူဆောင် ရွက်မှုနဲ့ အတူ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအကြောင်း အရ ပြင်းပြင်းထန်ထန်အရေးယူခံရနိုင်ပါတယ်။ Google LEGAL TEAM နဲ့  google ရုံးတွေကို တိုင်ကြားတဲ့ စနစ်တွေ၊ စာပုံစံတွေ၊ ရုံးလိပ်စာ-FAX ၊ ဖုံးနံပါတ်တွေ ၊အီးမေးလိပ်စာတွေအကုန် ပေးထားပါတယ်။

လက်လွတ်စပယ် စဉ်းစားဆင်ခြင်ခြင်း၊ကိုယ်ချင်း
စာ ထောက်ထားညှာတာမှု ကင်းမဲ့ပြီး၊မြန်မာ့ဂုဏ်သိက္ခာ ကိုညှိုးနွမ်းအောင်
ကိုယ့်မြန်မာ့နိုင်ငံသား အချင်းချင်း၊ အပျော်နောက်ပြောင်ပြီးဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့
်ဖြစ်စေ၊
blogspot များဖြင့် အသရေ ဖျက် ဂုဏ်သရေ ညှိုးနွမ်းအောင်လုပ် ရင် အဲ့ဒီ Cyber Criminal အတွက် လောကီ၊လောကုတ္တရာ ၂ ခုလုံး တွင် ဆိုးကျိုးများ၊ တန် ပြန် သက်ရောက်မှု ၀ဋ် ဒုက္ခများ မလွဲမသေခံစားရမည်ဖြစ် ပါတယ်။ သူများ အရှက်တကွဲ အကျိုးနဲ လို့  ကိုယ် ဘယ်လောက်ကြာအောင်ပျော်နိုင်မှာ
လဲဆိုတာ ရှိပါတယ်။ အပျော်ပျောက်ရင် နောက်ဘ၀မကူးခင် လက်ရှိဘ၀ မှာတင်ဘယ်သူမှ မသိနိုင်သည့်တိုင် မိမိကိုယ်တိုင်ကျက်သရေတုံးသကဲ့သို့  ခံစားသိရှိရမှာဖြစ်ပြီး၊ နောက်ဆုံး ရင်ဆိုင်ရမည်မှာ ဆိုင်ရာနိုင်ငံဥပဒေ၊ မိခင်နိုင်ငံဥပဒေများနှင့်ဖြစ် ပါတယ်။

မသမာသူများ၊ နောက်ပြောင်ကျီစယ်သူများ က- မိမိတို့ ၏နံမည်ရင်းများကို နစ်အဖြစ် အလွဲအသုံးပြုပြီး blogspot များနှင့်အခြား Blog များပြုလုပ်ခြင်းခံရသည်သူများအေ
နဖြင့်လည်း ရုံး၊ကုမ္ပဏီဝန်ထမ်းများဖြစ်ပါက မိမိတို့ သက်ဆိုင်ရာ ရုံးဌာနများအလိုက်၊ အကြီးအကဲများထံ ၊မန်နေဂျာ အရာရှိများထံ တရားဝင် ရုံး စာများဖြင့် Primary Report လုပ် ပြီး Record ယူ Case File လုပ် ထားသင့်ပါတယ်၊ ကိုယ်ပိုင် စီးပွားရေးလုပ်သူများ၊ကျောင်းသားကျောင်းသူ အရပ်သား များဖြစ်ပါက မိမိတို့ 
နှင့်နီး စပ်ရာ Police Station တစ်ခုခုမှာဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံရဲ့ အာဏာပိုင်ရုံးတစ်ခုခုမှာဖြစ်စေ (ပြည်တွင်းမှာဖြစ်စေ/ပြည်ပမြှာ
ဖစ်စေ) တရားဝင် Report ကြိုတင်လုပ်ထားသင့်ပါတယ်။

ကမ္ဘာပေါ်မှာသိပ်ယဉ်ကျေးတဲ့ ချစ်စရာကောင်းတဲ့ စေတနာကောင်းတဲ့ ငါတို့ မြန်မာနိုင်ငံသားတွေ၊ လူမချမ်းသာရင်နေပါ။ အကျင့်သီလ ၊ ဂုဏ်သိက္ခာ နေရာမှာ တိုင်းတစ်ပါးသား တွေထက် သာတယ် ၊ စာနာတယ်၊ထောက်ထားတယ်၊ ကိုယ်ချင်းစာစိတ်၊ အရှက်အကြောက်တရားနဲ့  ပြည့်စုံကြပါတယ် ဆိုတာ သက်သေပြကြပါ။

ကိုယ်ရဲ့ အပျော်စိတ်လေးတစ်ချက်ကြောင့် ကွန်ပြူတာ ကီး လေးတစ်ချက်နှိပ်လိုက်မိတာကြောင့
် ငါတို့ ချစ်တဲ့ အားပေးနေတဲ့ အနုပညာသည်တွေ မိသားစုတွေ ၊အိမ်ထောင်ရေး၊လူမှုရေး တွေ ထိခိုက် နစ်နာဆုံးရှုံး မှုတွေခံစားကြရတယ်။ အရှက်တကွအကျိုးနဲ တွေ ဖြစ်ကြတယ်။ လူပတ်ဝန်းကျင်မှာလူတောမတိုးရဲအောင်ဖြစ် သွားကြတယ်ဆိုရင် ၊တကယ်ပျော်ရဲ့ ၊
ဗုဒ္ဓ¨ဘုရားရှင်ကကော သာဓုခေါ်မှာလား၊ အဖဘုရားသခင် သခင်ယေရှု ကကော ကောင်းချီးပေးမယ်လို့ ထင်ပါသလား၊ အဲလိုထင်ခဲ့ရင် အဲဒီ့အပျော်ရအောင် သူများ ကို ထိခိုက်အောင်လုပ်လိုက်ပါဦး၊ ပြီးရင် ငါ ပျော်လိုက်တာ၊
ကောင်းလိုက်တာဆိုတဲ့စကားကို ညအိပ်ယာဝင် ခါနီး ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး ဗုဒ္ဓရဲ့ ကြည်လင်နေတဲ့
မျက်နှာတော် ကို မော့ကြည့်လိုက်တဲ့အချိန်မှာ ရဲရဲ ကြီး ပြောကြည့်လိုက်ပါလား။ ဒါမှမဟုတ် တနင်္ဂနွေ ဘုရားကျောင်း ထဲမှာ အဖဘုရားသခင်ရဲ့  မျက်နှာကိုကြည့်ပြီး ပြောကြည့်လိုက်ပါလား။

တစ်ချက်လေး ကိုယ်ချင်းစာကြည့် ပေးလိုက်ပါလား- ကျွှန်တော်တို့ အားလုံးဟာယဉ်ကျေးတဲ့၊ ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံသားတွေချည်းပါဗျာ
ပညာလေ့လာသူအချင်းချင်းကိုယ်ချင်းစာ မှုလေးတွေထားနိုင်ကြပါစေဗျာ

ဖော်ပြပါ ဆောင်းပါးပါ ယူဆချက်အားလုံးသည် မူရင်းပေးပို့သူ၏ အာဘော်သာ ဖြစ်ပါကြောင်း...။ (အိပ်မက်များ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အိပ်မက်များရှိ Menu bar တွင် အိပ်မက်များနှင့်စထားသော ခေါင်းစဉ်အောက်ရှိ စာစုများ အားလုံးသည် အိပ်မက်များ၏ မူပိုင်များဖြစ်ပါသည်။ ယင်းခေါင်းစဉ်အောက်ရှိ မည်သည့်စာများကို မဆိုကူးယူဖော်ပြလိုပါက လွပ်လပ်စွာ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။ သို့သော် ကူးယူဖော်ပြသည့်နေရာနှင့်၊ အသုံးပြုထားသည့် နေရာအား mzoboyzz@gmail.com သို့ဆက်သွယ် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (အိပ်မက်များ)

 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

free counters

Today, there have been 3 visitors (6 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free