အိပ်မက်များ - Gmail လျှို့ဝှက်ချက်များ

ပင်မ စာမျက်နှာ
အိပ်မက် စာတိုက်
အိပ်မက် ထဲကအတွေးများ
အိပ်မက် မှတ်စု
အိပ်မက် ကဗျာ
အိပ်မက် ဘလောဂ်
အိပ်မက် အက်ဆေး
အချစ် ပုံပြင်
ဖတ်စရာ
ဓာတ်ပုံ
ရယ်စရာ
ကာတွန်း
Gmail လျှို့ဝှက်ချက်များ
မြန်မာ mp3 သီချင်းများ
မြန်မာတိုင်း(မ်) ဂျာနယ်




 
 

ဒီကဏ္ဍလေးကိုမသွားခင် ဟောဒီ စာလေးကို အရင်ဖတ်ပေးကြပါ။

မင်္ဂလာပါဗျာ။ ဒီကဏ္ဍလေးမှာ Gmail, Gtalk နဲ့ပါတ်သက်တဲ့ လျှို့ဝှက်ချက်လေးတွေကို တတ်နိုင်သလောက်ရှာဖွေစုဆောင်းပြီး တင်ပေးထားပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီနည်းလေးတွေထဲမှာ တစ်ချို့ဟာလေးတွေက နည်းပညာရဲ့ အားသာချက်တွေကို ထောက်ပြပေးထားတာ ဖြစ်ပြီး၊ အချို့အချက်လေးတွေက နည်းပညာတစ်ခုရဲ့ အားနည်းချက်တွေကို ထောက်ပြထားတာပါ။ ဒါကြောင့် နည်းပညာရဲ့ အားသာချက်တွေကို ရေးပြထားတာ သိပ်ပြဿနာ မရှိလှပေမယ့်၊ နည်ပညာရဲ့ အားနည်းချက်တွေကို ပြောပြပေးရတာတော့ နည်းနည်းတာဝန်ကြီးတယ်လို့ထင်ပါတယ်။

ဥပမာ။ ။ Gtalk မှာသုံနေရက်နဲ့ Idel ဖြစ်အောင်လုပ်နည်းလိုမျိုးက ဘယ်သူ့ကိုမှ မထိခိုက်နိုင်ပေမယ့်၊ Gmail ထဲမှာ Invisible လုပ်ထားတဲ့သူကို ရှာတဲ့နည်းလမ်းကတော့ သူတစ်ပါးရဲ့ privacy ကိုချိုးဖောက်သလို ဖြစ်နေပါတယ်။ ဘာပဲပြောပြောပါ ကျွန်တော်ကတော့ အားလုံးကို ဗဟုသုတအနေနဲ့ ပြောပြချင်လို့ တင်လိုက်ပါပြီ။ ဒီနည်းလေးတွေကို နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…။

(မျိုးဇော်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Gtalk ထဲမှာ Invisible လုပ်ထားတဲ့လူကို ဖမ်းကြရအောင်


ကိုယ့်ရဲ့ Gtalk က လူတစ်ယောက်ကို offline အနေနဲ့တွေ့နေရတယ် ဆိုပါတော့။ အဲဒီလူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆိုစစ်တဲ့နည်းလေးရှိပါတယ်။ offline အစစ်လား၊ offline အတုလား ဆိုတာသိချင်ရင် ဒီလိုလေးလုပ်ပါ။

 (၁) Gtalk မှာကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့လူနဲ့ ပုံမှန် chat သလိုပဲဖွင့်လိုက်ပါ။

(၂)  Send voicemail ရယ်၊ Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ ပြီးရင် Go off the record ကိုနှိပ်ပါ။

(၃) သူ့ကို ပုံမှန် chat သလို စာတစ်ခုခု ရိုက်ထည့်ပြီး chat ကြည့်ပါ။ ဥပမာ hi လို့ရိုက်ပြီး chat ကြည့်ပါ။

(၄)” ------@gmail.com is offline and can’t receive message right now” လို့ပေါ်လာရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှမပေါ်လာရင် သူ invisible လုပ်ထားတာပါ။

(၅) စစ်ပြီးသွားရင် “stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ ဒါမှ သူနဲ့ chat ရင် Gmail က chat section မှာ chat history ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

 

စမ်းကြည့်လိုက်ပါ….ပြီးရင် “ဟေ့…ငါ သိတယ်နော”် ဆိုပြီး ဖမ်းလိုက်ပေါ့…ဟဲ ဟဲ..။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်ရဲ့ gmail password မေ့သွားခဲ့ရင်

 

- Secondary email address တော့ရှိရပါမယ်။

- ပြီးတော့ သင့်ရဲ့ gmail account ကို ရက်ကြာအောင် မ၀င်ဖြစ်ထားတာ သေချာပါစေ။

- Gmail login page က I cannot access my account ကို သွားပါ။

- I’ve forgotten my password ကို နှိပ်ပါ။

- User name နေရာမှာ သင့်ရဲ့ gmail user name ကို ရိုက်ထည့်ပါ။

- Summit လုပ်ပါ။

- ပြထားတဲ့ စာလုံးတွေကို လိုက်ရိုက်ထည့်ပါ။

- Summit လုပ်ပါ။

- သင့်ရဲ့ secondary email address အဲဒီ့ secondary email ထဲက assistance message ကိုသွားပြီ password rest link ဆီ ထပ်သွားပါ။

Security question တွေ ဖြေဆိုရိုက်ထည့်ပြီး summit လုပ်ပါ။

- ဆန္ဒရှိတဲ့ password အသစ်ရိုက်ထည့်ပါ။

- Reset New Password လုပ်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gmail တွင် ပို့ပြီးသား မေးလ်များကို ပြန်ဖျက်နိုင်ပြီ
 

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gtalk ထဲမှာ တစ်ဖက်လူရဲ့ နိုင်ငံအမှန်ကို ရှာရအောင်
G talk မှာ မိမိထံ မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ....။ ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ....။ ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ...။ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ .....။ show original ကိုဆက်လက် click ပါ ။ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ...။ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ ....။ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ...။ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gtalk chatting box ထဲကို ရုပ်ပြောင်လေးတွေ(My Theme)၊ နောက်ခံလေးတွေ ထည့်မယ်ဆိုရင်

G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် ပျော်ရွှင်ကြည်နူးစရာ ပုံလေးတွေ ပေးပို.ထည့်သွင်းပေးပို. ပေးနိုင်မဲ့ အောက်ပါ နည်းလမ်းလေးကို အနည်းငယ်မျှ အပင်ပန်းခံပြီ မိမိအသုံးပြုနေသော စက်မှာ ပြုလုပ် ပေးလိုက်ပါ။
(၁၅) မိနစ် စာ အလုပ်လေးပါ။
အောက်မှာ ညွှန်ပြထားတဲ့ အတိုင်းသာ လုပ်သွားပါ။
Virus မပါ ကြောင်း
နှင့် ကိုယ်တိုင် လုပ်ထားပြီးကြောင်း ကြိုတင် ပြောပြ လိုပါတယ်။
နဲနဲ လေး အပင်ပန်းခံတာ နဲ. များများကြီး ကြည်နူး ပျော်ရွှင် ရပါလိမ့်မယ်။
သူ့ရဲ့ အသုံးပြုပုံကတော့ အောက်မှာပေးထားတဲ့

Attachment: MyTheme.exe ကိုဒေါင်းပြီး run လိုက်ပါ ..။

ပြီးရင် gtalk > settings


> Appearnce > Chat theme > my theme



ကိုရွေးပေးလိုက်ပြီး အိုကေပေးလိုက်ရင် ပြီးသွားပါပြီ ။ ပြီးရင် ကိုယ့်gtalk ကို singout ပြန်လုပ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ :haha , :atb , :ilu , :imu , :tc ဆိုပြီးရိုက်လိုက်ရင် အခုလို



ရုပ်ပြောင်လေးတွေရလာပါပြီ ..... ။ ကွန်မန့်တွေကို Start >All program >Dash > MyTheme > Help



မှာကြည့်နိုင်ပါတယ် ။


နောက်ခံပုံလေးတွေချိန်းတာကတော့
Start >All program >Dash > MyTheme >Sample Images မှာ ကိုယ်ကြိုက်တဲ့ပုံကို ကူးထည့်လိုက်ပါ ။ ပြီးရင် Start >All program >Dash > MyTheme >Change Background မှာ ကိုယ်ကူးထားတဲ့ပုံလေးကို ရွေးပြီး အိုကေပေးလိုက်ရင် အိုကေသွားပါပြီ .....။ အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ ... ။


How to use smileys ?
( Smiley လေးတွေဘယ်လိုသုံးကြမလဲ ? )
( ဖိုင်လေးနဲ့ လိုချင်ရင်တော့ အောက်မှ
Attachment: G-Talk themes.txt လေးကိုနှိပ်လိုက်ပါ..။)
* G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်......... ။

အကြောင်းအရာ ရိုက်ရန် မြန်မာလို All the Best :atb (သိပ်ကောင်းတယ်) Angel :angel (နတ်သမီးလေး) Angry :angry (စိတ်ဆိုးတယ်) Applause :clap (အားပေးပါတယ်) Bath :bath (ရေချိုးနေတယ်) Blushing :blush (မျက်နှာနီအောင်ရှက်တယ်) Call me :callme (ဆက်သွယ်ပါ) Cool :cool (အေးအေးဆေးဆေးပါ) Crying :waa (ငိုနေတယ်) Day Dreaming :dream (နေ.လည်ခင်းအိပ်မက်) Dislike :naa (မကြိုက်ပါ) Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်) Game :game (ကစားမယ်) Ghoting :ghoting (စဉ်းစားနေတယ်) Good Morning :gm (ကောင်းသောနံနက်ခင်းပါ) Good night :gn (ကောင်းသောညပါ) Heart :heart (အချစ်) Hi :hi (နှုတ်ဆက်တယ်) Hai :hai (နှုတ်ဆက်တယ်) Hug :hug (ပွေ.ဖက်မယ်) I am Mad :mad (ငါရူးတော့မယ်) I love you :ilu (မင်းကိုချစ်တယ်) I miss you :imu (မင်းကိုသတိယနေတယ်) Idea :idea (အကြံရပြီ) Kissing :kiss (နမ်းမယ်) Laughing :ha (ရီရတယ်) Laughing :haha (ဟားတိုက်ရီရတယ်) Love struck :love (ချစ်ကြောင်းပြောမယ်) Mess :mess (စားမယ်) Movie :movie (တီးထည့်လိုက်ရမလား) News :news (သတင်း) No :no (မ_ဘူး) Not talking :calm (မပြောဘူး) Now :now (ယခု) On Phone :call (Ph နှင့်ပြောမယ်) Pray :pray (ဆုတောင်းနေတယ်) Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်) Secret/Silent :shh (တိတ်တိတ်နေ) Shut Up :shutup (ပါးစပ်ပိတ်ထားပါ) Sleep :sleep (အိပ်နေတယ်) Sleepy :zz (အိပ်ချင်ပြီ) Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း) Sorry :sry (၀မ်းနည်းပါတယ်) Stop shouting :stop (နားပိတ်ထားတယ်) Surprised h (အံသြတယ်) Take care :tc (ဂရုစိုက်ပါ) Thanks :thanx (ကျေးဇူးတင်ပါတယ်) Wait :wait (ခဏစောင့်ပေးပါ) Waving :bye (နှုတ်ဆက်ပါတယ်) Worried :wor (စိတ်ပူနေတယ်) Yahooooo :yahoo ( ရှာကြည့်ပါ) Yes :yes (ကောင်းပါပြီ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gtalk ဖွင့်ထားပြီး Idel ဖြစ်နေတယ်လို့ ညာရအောင်

ဒီsoftwareလေးကျနော့်မှာရှိနေတာတော့ကြာပါပြီး။သိတဲ့လူလဲတော်တော်သိနေကြပါပြီး
ဒါပေမယ့်အခုတလောဘာရေးရမှန်မသိတာနဲ့ရေးလိုက်တာပါသိပြီးသားဆိုရင်တော့ဆောရီးပါနော်
softwareက119kbပဲရှိတာပါပြီးရင်Installလုပ်လွယ်ပါတယ်Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။
သူများတွေကတော့အဟုတ်မှတ်နေမှာပေါ့။ကွန်ပျူတာရှေ့မှာမရှိဘူးလို့။သူငယ်ချင်းတွေကိုအရူးလုပ်ဖို့နဲ့

ကိုကိုယ်တိုင်အညာမခံရစေဖို့ပါ။သုံးတာမသုံးတာကကိုယ့်သဘောပေါ့/


gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့ Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့ ပြောရင်း …..။
ဒီနေရာလေးကနေDownloadဆွဲလိုက်ကြရအောင် http://galwaysidle.com/gAlwaysIdleSetup.exe

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gtalk အလိုအလျောက် ဖြေကြားစက်

သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gtalk မှာ slideshow နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း

ဒီလိုလုပ်ဖို့ အတွက် www.softpedia.comမှာနှိပ်ပြီးDownload ဆွဲလိုက်ပါ..။
www.brothersoft.comမှာလဲDownloadလုပ်လို့ရပါတယ်။
Download လုပ်ပြီးရင် Run လိုက်ပါ....။
ဒါဆိုရင် Gtalk ဖွင့်ထားထား ၊ မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။
ဒီဘောင်အပေါ် Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။
ထိုအခါဘောင်အသစ်လေးထဲမှာ ...
Avatar / Lauguage / Option / Always on top / Get More Avatars / About ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။
Shell > Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။
ထိုနောက်........
Shell > Option ကိုနှိပ်လိုက်ပါ..။
ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar ကိုရွေးပါ..။
သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။
ထိုနောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။
ကိုယ့် Slideshow လုပ်ချင်သော ပုံများကို ရွေးရပါမယ်..။
Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ မိမိလိုချင်သော ပုံများကိုရွေးပါ..။
အလိုရှိသလောက် ပုံများကို ရွေးပါ..။
ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ် ပြောင်းစေချင်သော ပုံများကို စက္ကန့်
အလိုက် ချိန်ပေးပါ..။ ဥပမာ- 1 စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်....
ထိုနောက် အောက်မှ OK ကိုနှိပ်လိုက်ရုံပါပဲ..။
ထို့နောက် Gtalk ကို Sing In လိုက်ပါ..။ ပြီးပါပြီ...။
သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ် ပြောင်းနေပါလိမ့်မယ်..။

အားနည်းချက်များ...။

  • မိမိသုံးတိုင်း ပုံတွေ တဖျတ်ဖျတ်ပြောင်းနေလို့ မျက်စိနောက်ပါလိမ့်မယ်..။
  • ဒီ Software သည် ဆွဲအားမြင့်သောကြောင့် connection မကောင်းပါက Gtalk ခဏခဏ ကျတတ်သည်..။
  • မိမိ သုံးပြီးသွားသော်လည်း Gtalk ပိတ်လိုက်ရင် အရင် Gtalk လိုမျိုး အလိုလို မပျောက်သွားပါ..။
  • ဒါကြောင့် မိမိသုံးပြီးသွားပါက Shell > Avatar > Enable Slide တွင် အမှန်ခြစ်ဖြုတ်ခဲ့ပါ..။
  • ပြီးနောက် မိမိပုံတွေကို Shell > Option > Remove ဖြင့် ပြန်ဖျက်ခဲ့ပါ...။
  • Gtalk Shell က အကောင့်တွေ အများကြီး တစ်ခါတည်းလုပ်မရပါ..။
  • စက်တစ်လုံးမှာ အကောင့်တစ်ခုပဲ သုံးလို့ရတယ်..။


ဒါဆိုရင် မိမိ Gtalk မှာ ပုံလေးတွေ တဖျတ်ဖျတ်ပြောင်းနေပါလိမ့်မယ်..။

အဆင်ပြေပါစေဗျာ...။
webတခုမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

free counters

Today, there have been 4 visitors (8 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free