အိပ်မက်များ - အိပ်မက် ကဗျာ

ပင်မ စာမျက်နှာ
အိပ်မက် စာတိုက်
အိပ်မက် ထဲကအတွေးများ
အိပ်မက် မှတ်စု
အိပ်မက် ကဗျာ
အိပ်မက် ဘလောဂ်
အိပ်မက် အက်ဆေး
အချစ် ပုံပြင်
ဖတ်စရာ
ဓာတ်ပုံ
ရယ်စရာ
ကာတွန်း
Gmail လျှို့ဝှက်ချက်များ
မြန်မာ mp3 သီချင်းများ
မြန်မာတိုင်း(မ်) ဂျာနယ်




 
မင်္ဂလာပါ..သူငယ်ချင်းတို့ရေ...။
ဒီတစ်ခါတော့ ကျွန်တော်လည်း တစ်ကယ်ပဲ
ကိုယ်ပိုင်ကဗျာတွေ ဘာတွေရေးဖြစ်သွားပြီနော်။ တစ်ခါမှ ကဗျာမရေးဘူးတာကြောင့် ကာရံတွေဘာတွေ မညီတာတော့ စိတ်မရှိကြပါနဲ့ဗျာ။ ကျွန်တော်ကိုယ်တိုင်ကတော့ တစ်ခါမှဒီလိုမျိုးကဗျာတွေ စာတွေရေးဖြစ်လိပ်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် အခြေနေအကြောင်းကြောင့်ရေးဖြစ်သွားတယ်ပဲ ဆိုကြပါဆို့။
ကဲကျွန်တော်နဲ့ အတူကဗျာလေးတွေကို ခံစားကြည့်ကြရအောင်....။
 


ဒီဇင်ဘာရဲ့ အပြုံး

 

 
ဖေဖော်ဝါရီ (၂၅)

ဘ၀မှာ ထင်မှတ်မထားတဲ့

ကမ်းလှမ်းမှု တစ်ခုနဲ့

ငါတို့စတင် ဆုံစည်းခဲ့ကြတယ်။

ငါကလည်း ကျေကျေနပ်နပ်နဲ့

လက်ဆွဲနှုတ်ဆက်ရင်း

အဲဒီ့ နေ့ကသာ

ငါ့ဘ၀၊ ငါ့ခံယူချက်တွေကို

ပြောင်းလည်းစေမယ့်

နိဒန်းတစ်ခုဆိုတာ သိခွင့်ရခဲ့ရင်…။


မတ် (၂၇)

စိတ်ကူးတောင် ယဉ်မကြည့်ဘူးခဲ့တဲ့

ခရီးတစ်ခုကို ငါသွားခဲ့ရတယ်။

ငါချစ်တဲ့သူတွေနဲ့၊ ပြီးတော့ …

သူတို့တွေကို ငါဆန့်ကျင်ရင်း

အိပ်မက်ဆိုးတစ်ခုကို

စတင်မက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

အဲဒီနေ့ကသာ

ငါ့ရဲ့ခံယူချက်၊ ငါ့မာနတွေကို

ပြောင်းလည်းပစ်ဖို့၊ ခွန်အားတွေကို

ဖြစ်စေခဲ့တယ် ဆိုတာသိခဲ့ရင်…။


ဧပြီ (၄)

ဧပြီဖူးလ်မှာ စရ၊ နောက်ရတာကို

ခုံမင်တဲ့ငါ ဒီနှစ်တော့

အိပ်မက်တွေထဲ နှစ်မွန်းနေမိတယ်။

ဧပြီဖူးလ်ဒေးအပြီး လေးရက်ကြာတော့

ကောင်မလေးတစ်ယောက်က ပြောတယ်

Belated April fool ပါတဲ့။

ငါ့နှလုံးသားတွေ တစ်ခုလုံး

ကြေမွလို့၊ ရူးသွပ်သွားခဲ့ရတယ်။

ဒီလိုနေ့မျိုး

ဘ၀မှာ ရှိလာခဲ့မယ်လို့များ

ကြိုသိခွင့် ရခဲ့ရင်…။

 

မေ (၂)

နွေနေပူရဲ့ နေလည်ခင်းကို

ရွံ့မုန်းတဲ့ငါ ဒီတစ်ခါတော့

ငါ သိပ်ဖြစ်ချင်ခဲ့တဲ့

ဌက်တစ်ကောင်လို

ပျံသန်းခဲ့မိတယ်၊ ချစ်တဲ့မင်းနဲ့။

အဲဒီနေ့ကသာ နွေနေပူထက်ပူတဲ့

အကြည့်တွေကို မြင်တွေ့ခွင့်

ရခဲ့မယ်ဆိုရင်…။


တော်ပါပြီ

နောက်လာမယ့် ဇွန်၊ ဇူလိုင်တွေ

ရင်မဆိုင်ချင်တော့လို့

အခန်းထဲက ပြေးထွက်

နံရံပေါ်က ပြက္ခဒိန်ကို ဆွဲယူရင်း

ရက်တွေ၊ လတွေကို

တစ်ရွက်ချင်း ဆွဲဆုတ်နေလိုက်မိတယ်။

ဒါပေမယ့်…။

ဒီဇင်ဘာ စာမျက်နှာအရောက်

ပြက္ခဒိန်ပေါ်က

ဆံပင်တိုတိုကောင်မလေး တစ်ယောက်က

ပြုံးကြည့်နေတာ တွေ့လိုက်ရတယ်။


အပြုံး…။

ဒီအပြုံးတွေ၊ သူ့အပြုံးတွေ

ငါ့မှတ်မိနေမိတယ်။

ကြမ်းရှလှတဲ့ စုတ်ချက်တွေနဲ့ “ဒါဗင်ချီ”ရဲ့ရှေ့မှာ

မာနတစ်ခုနဲ့ ပြိုင်ဆိုင်ခဲ့တဲ့

နူးညံ့သိမ်မွေ့လှတဲ့

မိန်းမတစ်ယောက်ရဲ့ အပြုံး

မိုနာလီဇာရဲ့ အပြုံး…။

ဟုတ်တယ်…။

ဒီအပြုံးတွေ၊ သူ့အပြုံးတွေသာ

ဖေဖော်ဝါရီကောင်မလေး

မြင်တွေ့ခွင့် ရခဲ့မယ်ဆိုရင်…။

မျိုးဇော် (၀၉.၀၇.၀၉)


(ဒီကဗျာလေးကို ကျွန်တော့်ဘလောဂ်လေးမှာ တင်မယ်လုပ်တော့ အရင်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ အကြမ်းချရေးကြည့်မိတယ်။ တစ်ခါမှ မရေးခဲ့ဘူးတဲ့ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ခရစ်စမတ်လက်ဆောင်ရခဲ့ဘူးတဲ့ ဘောလ်ပင် အ၀ါရောင်လေးနဲ့ပါ။ ကျွန်တော်ပြန်ပေးခဲ့ဘူးတဲ့ အဖြုနဲ့အနီကျား ဘောလ်ပင်လေးကတော့ ဘယ်ရောက်နေတယ် မသိ။)

 


အိပ်မက်

အိပ်မက်တစ်ခုမက်တယ်။

အချစ်တစ်ခုကို မထိန်းချုပ်ခဲ့လို့တဲ့....

ငါ့ရင်ဘတ်မှာ မြှားချက်ပေါင်းများစွာနဲ့

အပြစ်ပေးထားတယ်။

ကြောက်လွန်းလို့

အငွေ့တောင်ဖြစ်သွားချင်တဲ့ ဆန္ဒတစ်ခုနဲ့

နူတ်ကနေ တစ်တွတ်တွတ် ဆုတောင်းနေတယ်

ဌက်ကလေးတစ်ကောင် ဖြစ်ပါရစေ.....။


  ဖူးဖူး (၂၆.၀၄.၀၉)
( ဒီကဗျာလေးကတော့ ကျွန်တော့်ကဗျာ မဟုတ်ပါဘူး။ ကောင်မလေးတစ်ယောက်ပို့လိုက်တာပါ။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်နဲ့လည်း နည်းနည်းတော့ ဆက်စပ်မှု ရှိမယ်ထင်ပါတယ်နော်။)

 

 


ထီးလေးတစ်ချောင်း

 


ကောင်လေးတစ်ယောက်

သူချစ်တဲ့ကောင်မလေး ဆီကနေ

စကားတစ်ခွန်း ကြားလိုက်မိတယ်။

 

မိုးတွေရွာနေတုန်း

ထီးလေးတစ်ချောင်းနဲ့

သူ့ဘေးမှာ အဖော်ပြုပေးတဲ့

ကျေးဇူးပါတဲ့…။

 

ကောင်လေးကလည်း

အဲဒီလို သူ့ဘေးနားမှာ

ထီးမိုးပြီး အဖော်ပြုပေးရတာကို

အရမ်း နှစ်သက်တယ်လေ။

 

ဒါပေမယ့်….

မတည်မြဲခြင်းဆိုတဲ့

အနိစ္စတရားတွေနဲ့ တည်ဆောက်ထားတဲ့

ဟောဒီ လောကကြီးမှာ

မိုးဆိုတာလည်း အမြဲတမ်း မရွာနိုင်ဘူးဆိုတာ

ကောင်လေးသိပါတယ်။

 

မိုးတွေစဲသွားတဲ့ တစ်နေ့

………………………………..

………………………………..

ကောင်မလေးရော

အဲဒီကောင်လေးရဲ့ ထီးတစ်ချောင်းနဲ့

အဖော်ပြုပေးတာကို
နှစ်သက်ပါအုံးမလား

 

ဘာပဲဖြစ်ဖြစ်ပါ

ကောင်လေးကတော့

သူရဲ့ ထီးလေးကို

ကောင်မလေး မလိုအပ်တော့ဘူး

ဆိုရင်တောင်မှ

မိုးတွေကို ဆက်ပြီးရွာစေချင်တယ်လေ။

 

ဘာဖြစ်လို့လဲ ဆိုတော့

ကောင်လေးဆီက

ယောင်္ကျာတန်မဲ့ ကျလာမဲ့

မျက်ရည်တွေကို မိုးနဲ့အတူ

ကောင်မလေး မသိအောင်

စီးမျောသွားစေချင်လို့ပါ…။

 

မျိုးဇော် (၂၄.၀၄.၀၉)



ကြယ်ဖြစ်သွားတဲ့ ဌက်ကလေး




ဌက်ကလေး တစ်ကောင်...
ကောင်ကင်မှာ တစ်ကောင်ထဲ အထီးကျန်ပျံနေရတယ်။
တစ်ခါတစ်လေတော့လည်း
အတောင်ပံတွေ ညောင်းရင်၊ မိုးတွေလေတွေ တိုက်ရင်၊
မှီခိုဘို့ကိုယ်ပိုင်အသိုက်အမြုံလေး တစ်ခုလောက်ကိုတောင့်တမိလေရဲ့။

ဒီတစ်ခါတော့....
သူလိုချင်တောင့်တ မိတဲ့
အသိုက်လေးတစ်ခုကို ၀ိုးတစ်ဝါးတွေ့လိုက်ရတယ်လေ။
ဒါနဲ့ လိုချင်တက်မက်စိတ်နဲ့
အပြေးလှမ်းလိုက်မိတယ်...
ဒါပေမယ့် အဲဒီအသိုက်လေးမှာ ပိုင်ရှင်ရှိမှန်းသိတော့
သူ့......ကိုယ်သူ အားငယ်သွားမိတယ်။

ဒါပေမယ့်...
သူကလည်း သူမာနလေးနဲ့
အမှီအခိုမဲ့ဆက်ပြန်နေမိတယ်......။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်
ကောင်းကင်က ကြယ်လေးတွေက
အဲဒီလို အထီးကျန်ဌက်ကလေးတွေ
တစ်ကောင်တည်း မရပ်မနားပျံသန်းရာကနေ
အတောင်ပံတွေ မီးတောက်ပြီး...
ကြယ်လေးတွေ ဖြစ်သွားကြတာတဲ့။

ကျွန်တော်သာ
ကြယ်လေး တစ်စင်းဖြစ်ခဲ့ရင်...
မင်းရဲ့အသိုက်အမြုံလေး ကိုအလင်းရောင်ပေးနိုင်အောင်
ကြိုးစားမှာပါ...ကောင်မလေးရယ်။

မျိုးဇော် (၀၅.၀၄.၀၉)


( ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်လို့ ပြောခဲ့ဘူးတဲ့ ကောင် မလေးတစ်ယောက်ကိုလည်း ဒီနေရာကနေ ကျေးဇူးပါလို့...။ )


 

ပိတောက်မုန်းတဲ့ သင်္ကြန်



ဒီနေ့ ရန်ကုန်မှာ...
သင်္ကြန်မိုးတွေ ရွာတယ်လေ
ဒါပေမယ့် ကျွန်တော်ရင်ထဲမှာ စိုက်ထားခဲ့တဲ့
ပိတောက်ပင်လေးကတော့
ပိတောက်ဖူးတွေ မဝေခဲ့ပါဘူး

အဲဒီ ပိတောက်ပင်လေးက
သင်္ကြန်ဆို မုန်းတယ်တဲ့လေ...။
 
မျိုးဇော်(၁၁.၀၄.၀၉)

 ( သင်္ကြန်မကျခင် နှစ်ရက်အလိုမှာ သင်္ကြန်လက်ဆေးမိုးတွေ အရမ်းရွာတယ်လေ။ ငယ်ငယ်တုန်းကတော့ နွေခေါင်ခေါင် သင်္ကြန်ကျခါနီး မိုးတွေရွာရင် ကလေးသဘာဝ အတိုင်းအရမ်းကို ပျော်ခဲ့ဘူးပါတယ်။ အခုတော့ ကလေးလည်း မဟုတ်တော့ဘူး ဆိုတော့ ငယ်ငယ်ကလိုလည်းမပျော်နိုင်တော့ပါဘူးဗျာ။ ဒီတစ်နှစ် သင်္ကြန်ကတော့ အရင်နှစ်တွေထက် ကျွန်တော်ကို အထီးကျန်ဆန်ခဲ့တယ်လေ။ ဒါနဲ့ မိုးတွေရွာနေတုန်း ကောင်မလေးတစ်ယောက် အကြောင်းစဉ်းစားမိရင်း ဒီကဗျာလေးကို စပ်လိုက်ရတာပါ။ )

free counters

Today, there have been 5 visitors (10 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free